ကာလိမြို့၌ နယ်လှည့်စာကြည့်တိုက် စနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းခြင်း လုပ်ငန်းဆောင်ရွက်

ကာလိ ဇန်နဝါရီ ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၌  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ ပြင်ပဗဟုသုတများရရှိစေရန်နှင့် စာပေဖတ်ရှုလေ့လာ တက်စေရန်ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က အခြေခံပညာမူလတန်း လွိုင်ချိုကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ရာတွင် ကာလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ ဗဟုသုတရရှိစေမည့်  သုတ၊ ရသ စာအုပ်စာစောင်များ ဖတ်ရှုစေပြီး မိမိတို့ကြိုက်နှစ်သက်သည့် စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထင်ထင်(ကာလိ၊ပြန်/ဆက်)