ငရုတ်ကောင်း ဇန်နဝါရီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့(အ.ထ.က)၏ ပညာရေးစုံညီပွဲတော် အားကစားပြိုင်ပွဲ ကွင်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက (အထက)၏ အားကစားကွင်း၌ ကျင်းပခဲ့သည်။
အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် အားကစားသမားများက သစ္စာအဓိဋ္ဌာန် ရွတ်ဆိုကြသည်။
၎င်းနောက်(အထက)ကျောင်းအုပ်ဆရာကြီး ဦးကြင်စိုးက အဖွင့်အမှာစကားများ ပြောကြားခဲ့ပြီး ကျောင်းသူကလေးများမှ ပန်းပွားအကဖြင့် သီဆိုဖျော်ဖြေ၍ ကွင်းဖွင့်ပွဲ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အားကစားပြိုင်ပွဲကို ဇန်နဝါရီ ၇ ရက်နေ့မှ ၁၂ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲတွင် ဘောလုံး၊ မီတာ ၁၀၀၊ မီတာ ၅၀၊ ပြေးခုံပစ်၊ အာလူးကောက်၊ ဇကောရွက်၊ ပူဖောင်းဖောက်ပြိုင်ပွဲနှင့် အခြားကစားနည်းပြိုင်ပွဲများ ကျင်းပဆောင်ရွက်သွားမည်ဖြစ်သည်။ ပညာရေးစုံညီ အားကစားပြိုင်ပွဲ ကွင်းဖွင့်ပွဲအပြီးတွင် အကြီးတန်းဘောလုံးပြိုင်ပွဲ ဗန္ဓုလအသင်းနှင့် ဘုရင့်နောင်အသင်းတို့ ယှဉ်ပြိုင်မှာဖြစ်ပြီး အငယ်တန်းဘောလုံးပြိုင်ပွဲ အလောင်းဘုရားအသင်းနှင့် အနော်ရထာအသင်းတို့ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
ပြုံးမောင်မောင်(ပြန်/ဆက်)