မြောင်းမြ၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေး ဗွီနိုင်းပိုစတာစိုက်ထူ

မြောင်းမြ  မတ် ၁၉

တရုတ်နိုင်ငံမှ စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါသည် ယခုအခါ ကမ္ဘာ့နိုင်ငံပေါင်းများစွာတွင် ကူးစက်ဖြစ်ပွားနေသဖြင့် မြန်မာနိုင်ငံအနေဖြင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်တွင် မြောင်းမြခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ကျန်းမာရေးမှူး ဒေါက်တာတင့်တင့်ကျော်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများက ရပ်ကွက်များအတွင်း အသိပညာပေး ဗွီနိုင်းပိုစတာများ လိုက်လံချိတ်ဆွဲပေးခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ရေးအတွက် ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင်ဖို့ လိုအပ်ပါတယ်၊ ကျန်းမာရေးဝန်ကြီးဌာနက ရောဂါကာကွယ်ရေးအတွက် အသိပညာပေးတာတွေကို ကြိုတင်ကာကွယ်နိုင်စေဖို့ ဗွီနိုင်းပိုစတာတွေကို မြို့ပေါ်နဲ့ကျေးရွာများအထိ ဖြန့်ဝေပေးသွားမှာဖြစ်ပါတယ်" ဟု ခရိုင်ပြည်သူ့ကျန်းမာဦးစီးမှူးက ပြောကြားကြောင်းသိရသည်။

သင်းရနံ့(မြရာမြေ)