ပုသိမ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအကြောင်း အသိပညာပေး Talk Show ဆောင်ရွက်

ပုသိမ်ကြီး   ဇန်နဝါရီ  ၃၁

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊  ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအကြောင်း အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေး Talk Show တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုသိမ်ကြီးမြို့နယ် ဦးစီးအရာရှိနှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှဦးမင်းသန့် (ဦးစီးအရာရှိ)တို့က မီးဘေးအန္တရာယ်နှင့်ပတ်သက်ပြီး ပြည်သူတွေအနေနဲ့ ကြိုတင်ပြင်ဆင်ကြရမည့်အချက်များ မီးလောင်မှု မဖြစ်ပွါးစေရန် မီးကိုစနစ်တကျ အသုံးပြုရေး မီးသွေးမီးဖြင့်အသုံးပြုရာတွင် မီးကြွင်းမီးကျန်များမရှိစေရေး လိုက်နာဆောင်ရွက်သင့်သည့်များကိုလည်းကောင်း၊ လျှပ်စစ်မီးသုံးစွဲရာတွင် လည်းကောင်း အထူးသတိပြုဆင်ခြင်နိုင်ကြစေရန်နှင့် မီးဘေးအန္တရာယ်တွေ့ကြုံလာပါကလည်း နီးစပ်ရာ မီးသတ်စခန်းသို့ အကြောင်းကြားရန် လိုအပ်ပါကြောင်း၊ ပြည်သူများအနေနဲ့ မိမိတို့အိမ်၌ မီးသတ်ဆေးဗူးများအား အဆင်သင့်ဆောင်ထားသင့်ပါကြောင်းနှင့် မီးဘေးအန္တရာယ်တွေ့ကြုံလာပါက ဆောင်ရန်ရှောင်အချက်များကို အကျယ်တဝင့်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ အသိပညာပေးလုပ်ငန်းများအား ပုသိမ်ကြီးမြို့နယ်  လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြည်သူများ  အသိပညာ ဗဟုသုတရရှိစေရေးအတွက် Talk Show အစီအစဉ်များအပြင် ပြိုင်ပွဲများ၊ စာပေစကားဝိုင်းများ၊ စာဖတ်ဝိုင်းများ၊ အသိပညာပေးလုပ်ငန်းများကို  စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြို့နယ်ပြန်/ဆက်