အင်တော ဖေဖော်ဝါရီ ၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်တောမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် (အကြို) အထက် တန်းအဆင့် အထွေထွေ ဗဟုသုတ ဉာဏ်စမ်းပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၁:၃၀ နာရီက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်လှလှထွေးက ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ သမိုင်းဖြစ်စဉ်များနှင့် ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များအား ပြောကြားခဲ့သည်။ ယင်းနောက် အထက်တန်းအဆင့် အထွေထွေ ဗဟုသုတ ဉာဏ်စမ်းပြိုင်ပွဲကို ဆက်လက်ကျင်းပရာ အ.ထ.က (အင်တော)နှင့် အ.ထ.က ခွဲ (အုံးကွဲ) ကျောင်းမှ ကျောင်းသား ကျောင်းသူများ (၂၆)ဦးတို့က ဝင်ရောက်ဖြေဆိုခဲ့ကြပြီး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု ဆုရရှိသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဆရာမများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)