လေးမျက်နှာ ဇန်နဝါရီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ် မီးသတ်တပ်ဖွဲ့ မိသားစု စည်းလုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဝင်များ ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်(၂) နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် မိသားစုစည်းလုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်ချစ်ပွင့်ကျော်က ကော်မတီ၏ လုပ်ငန်းရည်မှန်းချက်များအား ရှင်းလင်းပြောကြားရာတွင် တပ်ဖွဲ့ဝင်၏ မိသားစုများ၊ မိခင်နှင့်ကလေးငယ်များ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စည်းလုံးရေးနှင့် သက်သာချောင်ချိရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးရန် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဝေဝေမြင့် က အမျိုးသမီးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးဆွေးနွေးခြင်း၊ ကော်မတီဝင်များက ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍအသီးသီးတို့ကို ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ယခုကဲ့သို့ ဆွေးနွေးပွဲကို လစဉ် ဆွေးနွေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဝေဝေ(လေးမျက်နှာ)