မိုးနဲ ဖေဖော်ဝါရီ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဥယျာဥ်ရပ်ကွက် ဌာနစုပေါင်းရုံးဝန်းအတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ မြို့နယ်အခြေခံပညာဦးစီးဌာနနှင့်ပူးပေါင်းကာ ယနေ့နံနက် ၉ နာရီအချိန်က (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြိုအဖြစ် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြသည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နန်းမွမ်းဆိုင်က အားလပ်သောအချိန်များကို စာပေဖတ်ရှုခြင်းဖြင့် အကျိုးရှိစွာအသုံးချတက်စေရန်၊ စာပေဖတ်ရှုခြင့်ကြောင့် အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိစေရန်၊ ဖုန်းအသုံးပြုမည့်အစား စာပေလိုက်စားခြင်းဖြင့် အချိန်ကုန်ဆုံးစေရန်၊ ဖုန်းများအတွင်း၌လည်း ဗဟုသုတရရှိစေမည့် အချက်များကိုသာလေ့လာလိုက်စားကြရန်၊ အနာဂတ်ခေါင်းဆောင်များဖြစ်သည့်အတွက် အချိန်ကိုအကျိုးရှိစွာအသုံးချကြစေရန်၊ အသိအလိမ္မာများပိုမိုတိုးပွားလာစေရန်နှင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတများပါရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားပေးခဲ့ပြီး အ.ထ.ကကျောင်းရှိ ကျောင်းသား/သူ ၁၅ ဦး တက်ရောက်ခဲ့ကြရာ သိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဇင်ကိုကို(ပြန်/ဆက်)