မြစ်ကြီးနား ဖေဖော်ဝါရီ ၅
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိစေရန်ရည်ရွယ်၍ ပန်းအလှဆင်/ပန်းအလှပြင် သင်တန်းကို မြစ်ကြီးနားမြို့ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ဖေဖော်ဝါရီ (၃) ရက် နံနက် ၉ နာရီက စတင်ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါ သင်တန်းတွင် စားပွဲတင် ပန်းအလှထိုးနည်း၊ နံရံကပ်ပန်းအလှထိုးနည်း၊ လက်ဆောင်ပန်းခြင်းနှင့် ပန်းစည်းပြုလုပ်နည်းများကို ဖေဖော်ဝါရီ ၃ ရက်နေ့မှ ၄ ရက်နေ့အထိ နည်းပြဆရာ ဦးသန်းမင်းဦးက စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ပြီး သင်တန်းတွင် ဒေသခံတိုင်းရင်းသူ (၃၀) ဦးခန့် တက်ရောက်ခဲ့သည်။
ခရိုင်(ပြန်/ဆက်)