အိမ်မဲမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်များ ပြသ

အိမ်မဲ ဖေဖော်ဝါရီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်များပြသခြင်းကို ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန် တွင်ကျင်းပခဲ့သည်။

အခမ်းအနားတွင် အိမ်မဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က စာပေဖတ်ရှု ခြင်း၏အကျိုးကျေးဇူးအကြောင်း၊ စာကြည့်တိုက်သို့အမြဲဝင်ရောက်၍ စာပေဖတ်ရှုခြင်းကြောင့် အသိပညာဗဟုသုတများတိုးပွား လာမည်ဖြစ်ကြောင်းတို့ကို အကျယ်တဝင့်ပြောကြားခဲ့သည်။ဆက်လက်ပြီး စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲများကျင်းပရာ အ.မ.က မြို့မ (၂)ကျောင်းသား ကျောင်းသား၊ ကျောင်းသူများပါဝင်ယှဥ်ပြိုင်ကြပြီး ဆုရရှိသူများကို မြို့နယ်ပြန်/ဆက် ဦးစီးအရာရှိက ဆုများအသီးသီးချီးမြှင့် ခဲ့သည်။

ဆက်လက်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သုတ၊ ရသရရှိစေမည့်စာအုပ်စာစောင်များ၊ မသန်စွမ်းသူများ၏ အခွင့်အရေးများနှင့်ပတ်သက်သော အသိပညာပေးနံရံကပ်စာစောင်များကို ပြသထားရှိရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာလေ့လာ ကြည့်ရှုခဲ့ကြသည်။

ချစ်သက်လယ်

အိမ်မဲ (ပြန်/ဆက်)