ကာလိ ဖေဖော်ဝါရီ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၌ ကျောင်းသား၊ကျောင်းသူများ အသိပညာဗဟုသုတများ ရရှိစေရန်နှင့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်စေရန် ရည်ရွယ်၍ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် (အကြို) ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်(၉) နာရီအချိန်က အခြေခံပညာမူလတန်းကျောင်း (မိုင်းယိုင်း) ကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် အခြေခံပညာမူလတန်းပြဆရာ ဦးစိုင်းဟန်နွံက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဒေါ်သဲမာက (၇၇) နှစ်မြောက် "ပြည်ထောင်နေ့ အမျိုးသားရေးဦးတည်ချက်များ"၊ "ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ" သမိုင်းကြောင်းနှင့် "ပြည်ထောင်စုစိတ်ဓာတ်ဆိုသည်မှာ"စသည့်အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သုတ၊ ရသစာအုပ်စာစောင်များ စုံလင်စွာ ပြသခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများကို မိမိတို့ကြိုက်နှစ်သက်သည့် စာအုပ်စာစောင်များ ဖတ်ရှု့စေပြီး အခမဲ့ငှားရမ်းပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ထင်ထင်(ကာလိ၊ပြန်/ဆက်)