(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲ ဆဒုံးမြို့၌ကျင်းပ

ဆဒုံး ဖေဖော်ဝါရီ ၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် ဆဒုံးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခင်မာဝင်းက ကျောင်းသား၊ ကျောင်းသူများအား နေ့ထူးနေ့မြတ်နေ့ရက်များကို အစဉ်သတိရစေရန် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများ၊ ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များနှင့် ပင်လုံစာချုပ်ရေးထိုးခဲ့ကြသူများ အကြောင်းကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိစေရန် စာအုပ်စာစောင်များ ခင်းကျင်းပြသထားရှိမှုများအား စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်၊၊

ခင်မာဝင်း (ဆဒုံး)