မချမ်းဘော ဖေဖော်ဝါရီ ၆
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ပန်းချီပြိုင်ပွဲကို ယနေ့နံနက် (၁၀) နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီနီလွင်က ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲ စည်းကမ်းများကို ပြောကြားပြီး ပန်းချီပြိုင်ပွဲကို ဆက်လက်ကျင်းပရာ မချမ်းဘောမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၆) ဦးတို့က ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဆရာ၊ ဆရာမများက ဆုလက်ဆောင်များ အသီးသီးပေးအပ်ခဲ့ကြသည်။
ထို့နောက် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူနှင့် ဆရာ၊ ဆရာမများက ခင်းကျင်းပြသထားသော ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်နှင့် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်တို့ကို စိတ်ဝင်တစားကြည့်ရှု လေ့လာခဲ့ကြောင်း သိရသည်။
ယောရွှေနီ(မချမ်းဘော)