မတ္တရာမြို့တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မူလတန်းအဆင့် ဆေးရောင်ခြယ်နှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများကျင်းပ

မတ္တရာ   ဖေဖော်ဝါရီ    ၇

(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများကို ဖေဖော်ဝါရီလ ၆ ရက် နံနက် ၉ နာရီအချိန်မှစတင်၍ မတ္တရာမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာနတွင်ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါပြိုင်ပွဲများကို နံနက်ပိုင်းတွင် မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲတွင်  အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူ (၂၄)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းနှင့် အဖွဲ့ဝင်များမှလာရောက် ကြည့်ရှုအားပေးခဲ့ကြပြီး ပါဝင်ယှဉ်ပြိုင်ကြသူများအား ဆေးရောင်ခြယ်ပစ္စည်းများ ပေးအပ် ခဲ့သည်။ ဆက်လက်၍ နေ့လည်ပိုင်းတွင် မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲကိုကျင်းပရာ ကျောင်းသားကျောင်းသူ(၁၉)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲများမှ ဆုရှိသူများကို ၇၇နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။

စိုးကျော်သူထွေး(မတ္တရာ)