မဟာအောင်မြေ ဖေဖော်ဝါရီ ၇
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်း အမှတ်အကြို ဟောပြောပွဲကိုအမှတ်(၇) အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အမှတ်(၇) အခြေခံပညာမူလတန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်လှိုင်မှ ကျေးဇူးတင် စကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုဘိုဟန်က အဖွင့်အမှာစကားပြောကြားကာ စာရေးဆရာကြီး လွတ်လပ်ငြိမ်းက (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့နှင့်ပတ်သက်၍ ဟောပြောရာတွင် ၁၉၄၇ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ရှမ်းပြည်နယ် တောင်ပိုင်းတွင်ကျင်းပပြုလုပ်ခဲ့သော တိုင်းရင်းသားများနှင့်ဗိုလ်ချုပ်အောင်ဆန်းတို့ ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်ကို အသိအမှတ်ပြုကာ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စုနေ့ကို ကျောင်းသား/သူများနေဖြင့် အမေ့သင့်ဘဲ အစဉ်အလေးထား သတိပြုသင့်ကြောင်း၊ ပင်လုံစာချုပ်မှရရှိလာသော အကျိုးကျေးဇူးများကို ကျောင်းသူ/သားများ အပါအဝင် မိဘပြည်သူများမှ အလေးထားလိုက်နာ နာယူသင့်ပါကြောင်းဖြင့် ပြောကြားခဲ့ပြီး ခင်းကျင်းပြသထားသော ပြည်ထောင်စုနေ့နှင့်ပတ်သက်သည့် ဗဟုသုတရဖွယ် နံရံကပ်စာစောင်များ၊ ခင်းကျင်းပြသထားသော စာအုပ်၊ စာစောင်များကို တက်ရောက်လာသော ကျောင်းသား/သူများက လေ့လာကြည့်ရှုပြီး (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ လက်ကမ်း စာစောင်များကိုလည်း (အခမဲ့) ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း