သာစည် ဖေဖော်ဝါရီ ၇
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ဖေဖော်ဝါရီ ၇ ရက်နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အမှတ်ပေးဒိုင်အဖြစ် ပါဝင်ဆောင်ရွက်သော စာရေးဆရာဝေးရင့်သီက အမှတ်ပေး စည်းမျဉ်းများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် သာစည်မြို့ အမှတ်(၁)နှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတို့မှ ကျောင်းသား/သူများက ပင်လုံသက်သေပြည်ထောင်စုအမွေ၊ ပင်လုံမှသည် ပြည်ထောင်စုဆီသို့နှင့် ပင်လုံစိတ်ဓာတ် စသည့်ခေါင်းစဉ်သုံးမျိုးတို့ကို ယှဉ်ပြိုင်ရမည့်အမှတ်စဉ်နှင့် ခေါင်းစဉ်ကိုမဲနှိုက်ကြပြီး ကျရာခေါင်းစဉ် ဖြင့်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။ ပြိုင်ပွဲများမှ ဆုရရှိသူများကို(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား၌ ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ဆရာမများနှင့် ကျောင်းသား/သူများက (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်များနှင့်ဓာတ်ပုံများ၊ သုတရသစာအုပ်များကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)