တောင်ကြီးမြို့၌ နေအိမ်(၁)လုံး မီးလောင်မှုဖြစ်ပွား

တောင်ကြီး   နိုဝင်ဘာ   ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ရွှေတောင်ရပ်ကွက်၊ နယ်မြေ (၁၁) ဆရာစံလမ်းရှိအမှတ် (၇/၁၅၇) ၊အလျား (၃၀) ပေ၊ အနံ (၄၀) ပေ အုတ်ကာ၊ သွပ်မိုး နေအိမ်(၁)လုံးသည် ယမန်နေ့ ည(၇)နာရီခွဲ အချိန်ခန့်က ဟင်းချက်လျှပ်စစ်ဒယ်အိုးမှ အပူလွန်ကဲပြီး မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ တောင်ကြီးခရိုင် ရဲတပ်ဖွဲ့၊ ရှမ်းပြည်နယ် မီးသတ်ဦးစီးဌာန၊ တောင်ကြီးခရိုင် မီးသတ်ဦးစီးဌာန ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေပြည်သူများ စုစုပေါင်း(၁၀၀)ဦးခန့်သည် မီးလောင်မှုဖြစ်ပွားရာသို့ သွားရောက်ခဲ့ပြီး မီးသတ်ယာဉ် (၈)စီး၊ ရေသယ်ယာ(၃)စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည(၈)နာရီ အချိန်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ မရှိကြောင်းနှင့် မီးလောင်မှုစတင်ဖြစ်ပွားသည့် အိမ်ပိုင်ရှင်အား တောင်ကြီးမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။                                    

မောင်မောင်သန်း(တောင်ကြီး)