ပုသိမ် နိုဝင်ဘာ ၁
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးသန်းအောင်သည် ယနေ့ နံနက် ၁၀ နာရီ တွင် ဧရာဝတီတိုင်း ဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး၊ ပုသိမ်ခရိုင်နှင့် မြို့နယ် ကော်မရှင်အဖွဲ့ခွဲဝင်များနှင့် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပခဲ့သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးသန်းအောင်က “ကိုဗစ်-၁၉ကာလ ရွေးကောက်ပွဲကျင်းပရာမှာ ဖြစ်တဲ့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ် ခဲ့ပါကြောင်း၊ နေရပ်မပြန်နိုင်သော မဲဆန္ဒရှင်များ၊ Quarantine Center ဝင်ရောက်နေသူများ မဲပေးနိုင်ရေးအတွက် ကြိုတင် ဆန္ဒမဲများ ကောက်ယူလျက်ရှိကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီဆောင်ရွက်ရန်လိုကြောင်း၊ အားနည်းချက်၊ လိုအပ်ချက်များရှိကလည်း ဝိုင်းဝန်းပြီး ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပကြရမည်ဖြစ်ကြောင်း” စသည်ဖြင့် အဖွင့်အမှာ စကားပြော ကြားပြီး တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်မြင့်၊ အတွင်းရေးမှူး ဦးမြင့်နိုင်တို့က ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ ပုသိမ်ခရိုင်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင့်လွင်နှင့် ပုသိမ်မြို့နယ် ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးငွေစိုးတို့က ရွေးကောက်ပွဲဆိုင်ရာ ဆင်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ ဆက်လက်၍ တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များက မိမိတို့ တာဝန်ယူရသည့် ခရိုင်အလိုက် ရွေးကောက်ပွဲဆိုင်ရာစီစဉ်ထားရှိမှုများကို ရှင်းလင်းတင်ပြကြပြီး တိုင်းတာဝန်ခံက နိဂုံးချုပ်က ပြောကြားခဲ့သည်။
ထို့နောက် ပုသိမ်မြို့ အမှတ်(၃)ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကြိုတင်မဲ ဆောင်ရွက်နေမှုများ၊ အဆိုပါရပ်ကွက် တက္ကသိုလ်ဓမ္မာရုံ မဲရုံအမှတ်(၁)တွင် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ် ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။
ကိုတွတ်(ပြန်/ဆက်)