အောင်မြေသာစံမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကျင်းပ

မန္တလေး     နိုဝင်ဘာ       ၁

မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကို ယနေ့ နံနက် ၁၁ နာရီ က အောင်မြေသာစံမြို့နယ်၊ ပုလဲငွေရောင်ရပ်ကွက်၊ အကွက် (၁၅၉)၊ ၂၁ လမ်းနှင့် ၂၂လမ်းကြား၊ ၈၆ လမ်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျင်းပသည်။

အသိပညာပေး ဆွေးနွေးရာတွင် အောင်မြေသာစံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါက်တာ ကိုကိုကြီး၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးကျော်သင်း၊ ဦးမင်းသူ၊ ဦးဇော်လင်းဦးတို့က ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြည်သူများ သိသင့်သိထိုက်သော ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များအကြောင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများနှင့် မရှိသူများအကြောင်း၊ ခိုင်လုံမဲနှင့် ပယ်မဲများအကြောင်း၊ ဆန္ဒမဲပေးရာ တွင် ဆောင်ရန်ရှောင်ရန် အချက်များအ‌ကြောင်း၊ ဘေးကင်းလုံခြုံစွာ ဆန္ဒမဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားမှုများ အကြောင်း၊ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အထွေထွေဗဟုသုတများအကြောင်းကို ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိကြစေရန်အတွက် အသိပညာပေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)