ပုသိမ်ကြီး ဖေဖော်ဝါရီ ၁၁
မန္တလေးတိုင်းဒသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် ပုံပြောပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၉ နာရီက အဆိုပါဌာနရှိ လူထုအခြေပြုဗဟိုဌာန ပံသုကျီခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်မွန်မွန်ခင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မာအေးက ပြိုင်ပွဲများကျင်းပရခြင်း၊ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဆုရရှိသူများကို တာဝန်ရှိသူများက အသီးသီးပေးအပ် ချီးမြှင့်ရာ ပထမဆုကို မဆုဖြိုးထက်ကလည်းကောင်း၊ ဒုတိယဆုကို မတင်ဇာဝင်းကို လည်းကောင်း၊ တတိယကို မစုစုနွေးက လည်းကောင်း ရရှိခဲ့သည်။
ဆက်လက်၍ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် ပုံပြောပြိုင်ပွဲတွင် ကျောင်းသူ (၁၀)ဦးတို့ ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည်။ အခမ်းအနားသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်