မိုင်းရယ် နိုဝင်ဘာ ၁
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မိုင်းရယ်မြို့နယ်အတွင်း မဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံအဖွဲ့ဝင်များအတွက် မဲရုံသရုပ်ပြ သင်တန်းအား ယနေ့နံနက် (၉)နာရီက မိုင်းရယ်မြို့ ပြည်ထောင်စုခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ မဲရုံသရုပ်ပြသင်တန်းကို မိုင်းရယ်မြို့နယ်အတွင်း မဲရုံ(၄၅)ရုံတွင် တာဝန် ထမ်းဆောင်ကြမည့် မဲရုံအဖွဲ့ဝင်များအား မဲရုံအတွင်း လုပ်ငန်းများ လျှင်မြန်သွက်လက်စွာ ဆောင်ရွက်နိုင်ရေးအတွက် သရုပ်ပြပို့ချ ပေးခြင်းဖြစ်ပြီး မဲရုံအတွင်း ဖြစ်ပေါ်လာနိုင်သည့် အခက်အခဲများကို ဖြေရှင်းနည်းများကိုလည်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ ဖြစ်သည့် အမျိုးသားမှတ်ပုံတင်ရေးနှင့် နိုင်ငံသားဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးမျိုးအောင်၊ မြို့နယ်ပညာရေးမှူး ဦးစိုင်းစိန်အောင်၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးနိုင်တို့ က လည်းကောင်း၊ မြို့နယ်ပြန်/ဆက်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မာလာက မဲရုံလက်တွေ့ သရုပ်ပြခြင်းများ၊ ပုံစံရေးသွင်းနည်းများကို လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။
ခင်မာလာ(ပြန်/ဆက်)