တန့်ယန်းမြို့နယ်တွင် မဲရုံများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်

တန့်ယန်း နိုဝင်ဘာ ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရာ၌ အသုံးပြုမည့် မဲရုံများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုနှင့် လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီက အမှတ်(၃)ရပ်ကွက် မဲရုံအမှတ်(၁)၌ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားမှုကြည့်ရှုခြင်းနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြ ဇာတ်တိုက် လေ့ကျင့်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးအောင်စိုးမိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်အရန်မီးသတ်တပ်ရင်းမှ ဒုတိယတပ်ရင်းမှူး ခင်မောင်မြင့်နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက မဲရုံများ အတွင်းအပြင် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးအတွက် မီးသတ်တပ်ဖွဲ့ဝင်များ စီစဉ်နေရာချထားမှု၊ အရေးပေါ်မီးသတ်ဆေးဘူး အသုံးပြု မီးငြှိမ်းသတ်နည်း နှင့် မီးငြှိမ်းသတ်ယာဉ်ဖြင့် မီးငြှိမ်းသတ်နည်းများကို လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခဲ့ကြကြောင်း  သိရသည်။ 

မင်းလွင်ဦး(ပြန်/ဆက်)