ကော့သောင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

ကော့သောင်း ဖေဖော်ဝါရီ ၁

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ၊ကော့သောင်းမြိုတွင်  စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲဝင်များနှင့် စာဖတ်ပရိသတ်တို့ ပူးပေါင်း၍ ယနေ့မွန်းလွဲပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာရေးဆရာ ဒေါက်တာ ခင်မောင်ညိုရေးသားသည့် “လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း”စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းဆောင်ရွက်ရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်သူဇာလှိင်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ Book Club အဖွဲ့ဝင် ဦးလင်းနိုင်က ရှက်စိတ်၊ ကြောက်စိတ်နှင့် အောင်စိတ် ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးပြီး Book Club အဖွဲ့ဝင် ဒေါ်အေးအေးအောင်က လူငယ်နှင့်မေတ္တာတရားခေါင်းစဉ်ဖြင့်လည်းကောင်း၊ Book Club အဖွဲ့ဝင် ဒေါ်နွယ်နွယ်အောင်က လူငယ်နှင့်အကောင်းဆုံးဘဝကို တည်ဆောက်ခြင်းခေါင်းစဉ်တို့ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ကြသည်။ ယင်းနောက် စာဖတ်ပရိသတ်တစ်ဦးဖြစ်သည့် လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ကြည်အေးက မုန်လာဥဝါ၊ ကြက်ဥနဲ့ကော်ဖီနဲ့ဘဝအမြင် ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် Book Club အဖွဲ့ဝင်များနှင့် စာဖတ်ပရိသတ်များက ဆွေးနွေးသုံးသပ်မှုအပေါ် မိမိတို့၏အတွေးအမြင်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)