စဉ့်ကူးမြို့နယ်တွင် ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကြိုတင်ဆန္ဒမဲပေး

စဉ့်ကူး နိုဝင်ဘာ ၂

စဉ့်ကူးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် အောက်တိုဘာ ၂၉ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ကြိုတင်ဆန္ဒမဲပေးလျက်ရှိရာ ကြိုတင်ဆန္ဒမဲပေးရာတွင် အသက်( ၆၀ )နှစ်အထက် သက်ကြီးရွယ်အိုများ၊ ရပ်ကွက်/ကျေးရွာအတွင်းရှိကော်မရှင်အဖွဲ့ခွဲဝင်များ၊ မဲရုံမှူးများ၊ ဒုတိယမဲရုံမှူး များနှင့် အဖွဲ့ဝင်များ၊ အထူးရဲတပ်ဖွဲ့ဝင်များ၊ မဲဆန္ဒနယ်အတွင်းရှိ အကြောင်းအမျိုးမျိုးကြောင့် မဲရုံသို့ ကိုယ်တိုင်လာရောက်၍ ဆန္ဒမဲမပေးနိုင်သူများ၊ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင်ကျင်းပမည့် အထွေထွေ‌ရွေးကောက်ပွဲ၌ တာဝန်ထမ်းဆောင်မည့်သူများက ကြိုတင်ဆန္ဒမဲပေးလျက်ရှိရာ စဉ့်ကူး မြို့နယ်တွင် ကျေးရွာ ( ၃၉ )အုပ်စုရှိ မဲရုံပေါင်း( ၁၀၆ )ရုံတွင် အသက်( ၆၀ )နှစ်အထက် သက်ကြီးရွယ်အို များ အပါအဝင် ကြိုတင် ဆန္ဒမဲပေးပြီးသူ( ၈၃၉၉ )ဦးထိ ရှိပြီဖြစ်ကြောင်းသိရှိရသည်။

ဆန္ဒမဲပေးရာတွင် မဲရုံသို့ လာရောက်မဲပေးရန် အခက်အခဲရှိသော သက်ကြီးဘိုးဘွားများ၊ နာမကျန်းသူ များ၊ မီးဖွားသူများနှင့် ကိုယ်အင်္ဂါမသန်စွမ်းသူများကိုလည်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက အိမ်တိုင်ရာရောက်ကြိုတင် ဆန္ဒမဲပေးနိင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်သွားမည်ကြောင်း သိရှိရသည်။

ကျော်မျိုးဝေ(ပြန်/ဆက်)