မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၌  ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူများ ကြိုတင်ဆန္ဒမဲစတင်ပေး

ပန်ဆိုင်း နိုဝင်ဘာ ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊  မူဆယ်ခရိုင် ၊ ပန်ဆိုင်း(ကြူကုတ်)မြို့၌ သက်ကြီးရွယ်အိုများနှင့် ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ အနေဖြင့် ယမန်နေ့နံနက်(၁၀)နာရီအချိန်က ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ ကြိုတင် ဆန္ဒမဲစတင်ပေးနေပြီဖြစ်ကြောင်းသိရှိရသည်။

အဆိုပါ ကြိုတင်မဲများကို ရွေးကောက်ပွဲကာလ၌ မဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် လုံခြုံရေး ဝန်ထမ်းများ နှင့် တာဝန်အရ မဲဆန္ဒနယ်ပြင်ပတွင် တာဝန်ထမ်းဆောင်ရမည့် မဲဆန္ဒရှင်များအနေဖြင့် ဆန္ဒမဲအခွင့်အရေး မဆုံးရှုံးစေရန် အတွက် သတ်မှတ်နေရာများတွင် ဆန္ဒမဲအသီးသီးပေးခဲ့ကြသည်။

ဆက်လက်ပြီး  အသက်(၆၀)နှစ်အထက်ရှိ မဲဆန္ဒရှင်ပြည်သူများနှင့် မသန်စွမ်းသူများကိုလည်း ကြိုတင် မဲပေး နိုင်ရေးအတွက် အိမ်တိုင်ရာရောက်ဆောင်ရွက်ပေးသွားမည်ဟု သိရပြီး ကြိုတင်ဆန္ဒမဲများကို နိုဝင်ဘာလ (၇) ရက်နေ့အထိ မဲပေးနိုင်ကြောင်း ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲမှ သိရှိရသည်။

သန်းမိုးခိုင်(ပြန်/ဆက်)