ငါးသိုင်းချောင်း ဖေဖော်ဝါရီ ၂၅
ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟို ဌာန (Community Centre) ၌ ယနေ့ မွန်းလွဲ(၁) နာရီအချိန်က စာရေးသူ ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) ၏ အလုပ်ဆိုတာအင်အားပါ စာအုပ်ပါအကြောင်းအရာ၊ ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် ရေကြည်မြို့နယ် စာရေးဆရာအသင်းမှ စာရေးဆရာ ကိုရွှေသိမ်းအေး (ငါးသိုင်းချောင်း)က အလုပ်လုပ်ခြင်းနှင့်ပတ်သက်၍ စာရေးသူ၏အမြင်၊ စာပေအရေးအသား၊ သဘောထား၊ အမှာစာအကြောင်းအရာများ၊ ဦးသက်ဦး(ဥပဒေအရာရှိ/အငြိမ်းစား)က အလုပ်အမျိုး အစားများအကြောင်း၊ စာရေးဆရာ လွမ်းမျိုးဦး (စကားဝါမြေ)က စာရေးသူ၏ စာပေအရေးအသား ပုံစံအကြောင်း အရာများအား ဝေဖန်ဆွေးနွေးခြင်း၊ (Book Club) အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆွေက အလုပ်၏ အကျိုး သက်ရောက်မှုအား ဝေဖန်သုံးသပ်ခြင်းအကြောင်းအရာများဖြင့် စာဖတ်ဝိုင်းကို အသီးသီး ဦးဆောင်ဆွေးနွေးခဲ့ကြရာ တက်ရောက်လာသော စာပေဝါသနာရှင်များက အပြန်အလှန်ပါဝင်ဆွေးနွေးခဲ့ကြပြီး အဆိုပါစာဖတ်ဝိုင်းသို့ မြို့နယ်စာရေးဆရာအသင်းဝင် စာရေးဆရာများ၊ မြို့ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စာပေချစ်သူ(Book Club) (Youth Club) (Women Club) အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် စာပေဝါသနာရှင် ဒေသခံပြည်သူများ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
စိုးမင်းဦး(ပြန်/ဆက်)