ဆီဆိုင် ဖေဖော်ဝါရီ ၂၅
ဆီဆိုင်မြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်သားပြည်သူများ ယာဉ်အန္တရာယ်မဖြစ်ပေါ်စေရေး အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် သမဝါယမ ဦးစီးဌာန ရုံးရှေ့လမ်းဆုံ လူစည်ကားရာနေရာ၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအား လိုက်နာခြင်းမရှိဘဲ မောင်းနှင်သည့် မော်တော်ဆိုင်ကယ် များအား စစ်ဆေးအရေးယူခြင်းကို ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၈ နာရီခွဲက ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
အဆိုပါဆောင်ရွက်မှုတွင် မြို့နယ်ယာဉ်အန္တရာယ််၊ လမ်းအန္တရာယ််ကင်းရှင်းရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သီဟန်၊ မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ဇော်မင်းလွင် ဦးစီးတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးထန်ဒေါင့်တွန်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးအောင်ပြည့်စုံနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါ၀င်သော ပူးပေါင်းအဖွဲ့က ဆိုင်ကယ်မောင်းနင်ရာ၌ ဆိုင်ကယ်စီး ဦးထုပ်မဆောင်းပဲ မောင်းနှင်သည့် မော်တော်ဆိုင်ကယ် (၁၇)စီးအား ၂၀၁၅ ခုနှစ်၊ မော်တော်ယာဉ်ဥပဒေဖြင့် အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)