ကာလိ ဖေဖော်ဝါရီ ၁၅
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကာလိမြို့အတွင်းရှိ မီးဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ ယမန်နေ့နေ့လယ် (၁၂) နာရီအချိန်က မြို့ပေါ်ရှိ ဟော်တယ်၊ မိုတယ်နှင့် တည်ခိုခန်းများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ကွင်းဆင်းဆောင်ရွက်ရာတွင် ကာလိမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးစန်းမြင့်သန်း၊ မီးသတ်ဦးစီးဌာန လက်ထောက်မီးသတ်ဦးစီးမှူး ဦးရဲမင်းဟိန်းနှင့် အဖွဲ့ဝင်များ၊ မြို့စည်ပင်သာယာရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးခင်ဇော်ဦးနှင့် အဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ဟော်တယ်၊ မိုတယ်နှင့် တည်ခိုခန်းများအား မီးလောင်မှု၊မီးလှန့်မှုများ မဖြစ်ပွားစေရန်အတွက် သွယ်တန်းထားသော ဝါယာကြိုးများ ခိုင်ခန့်မှု ရှိ/မရှိစစ်ဆေးခြင်းနှင့် မီးသတ်ပစ္စည်းကိရိယာများဖြစ်သော မီးသတ်ဆေးဗူးများ၊ မီးလှန့်အချက်ပေးကိရိယာများ လုံလောက်စွာ တပ်ဆင်ထားခြင်းရှိ/မရှိစစ်ဆေးခြင်း၊ ရေကန်များတွင် ရေလုံလောက်စွာထားရှိမှု ရှိမရှိစစ်ဆေးခြင်းနှင့် လျှပ်စစ်မီးအား သတိထားကိုင်တွယ်ကြရန်နှင့် မီးသတ်ဆေးဗူးအသုံးပြုနည်းနှင့် စနစ်တကျကိုင်တွယ်အသုံးပြုနည်းများကို ရှင်းလင်းပြောကြားပြီး၊ မီးဘေးအန္တရာယ်ကြုံတွေ့ပါက မီးသတ်ဦးစီးဌာနသို့ အချိန်မီဆက်သွယ်အကြောင်းကြားရန် အသိပညာပေး ပြောကြားခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)