အင်ဂျန်းယန် နိုဝင်ဘာ ၂
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်တွင် အသက်(၆၀)နှစ်အထက် မဲဆန္ဒရှင်ပြည်သူများက သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ကျန်းမာရေး စံလုပ်ငန်းလမ်းညွှန်(SOP)နှင့် အညီ ကြိုတင်ဆန္ဒမဲများ လာရောက်မဲပေးလျက်ရှိကြောင်း သိရသည်။
အင်ဂျန်းယန်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူများနှင့် အသက်(၆၀)နှစ်အထက် မဲဆန္ဒရှင်ပြည်သူများက သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၂၉)ရက်နေ့မှ နိုဝင်ဘာလ (၇)ရက်နေ့အထိ ဆန္ဒမဲများပေးနိုင်ကြောင်း သိရသည်။
အင်ဂျန်းယန်မြို့နယ်အနေဖြင့် မဲဆန္ဒနယ်အမှတ် (၁)တွင် မဲဆန္ဒရှင်ဦးရေ (၁၀၆၆)ဦးဖြင့် မဲရုံ (၅)ရုံ၊ မဲဆန္ဒနယ်အမှတ် (၂)တွင် မဲဆန္ဒရှင်ဦးရေ (၉၄၀)ဦးဖြင့် မဲရုံ (၂)ရုံ၊ မဲရုံစုစုပေါင်း (၇)ရုံ ထားရှိပြီး မဲဆန္ဒရှင်ဦးရေ (၂၀၀၆)ဦးအနက် ကြိုတင်မဲပေးမည့် အသက်(၆၀)နှစ်အထက် မဲဆန္ဒရှင် အဘိုးအဘွား (၁၃၀)ဦးရှိပြီး နိုဝင်ဘာလ(၁)ရက်နေ့အထိ ကြိုတင်ဆန္ဒမဲ (၈၂)ဦး လာရောက် ပေးပြီးကြောင်း မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးတင်လင်းအောင်ထံမှ သိရသည်။
ကျော်စိုးနိုင်(ပြန်/ဆက်)