ကျောက်ဆည် ဖေဖော်ဝါရီ ၂၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ကျားကာအုပ်စု၊ ကုလကျေးရွာတွင်ဖေဖော်ဝါရီ(၂၅)ရက် နံနက်(၉)နာရီကပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းပြီးအဆို ပါကျေးရွာရှိ ဓမ္မကာရီဓမ္မာရုံတွင်ပြည် သူများနှင့်တွေ့ဆုံ ကာကျေးရွာဖွံ့ဖြိုးရေး အတွက်ဆွေးနွေးပွဲစကားဝိုင်းပြု လုပ်ခဲ့ကြောင်းသိရှိရသည်။
ဆွေးနွေးပွဲတွင်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်တင်တင်ထွေးက ကျေးရွာပြည် သူများအနေဖြင့် အများအကျိုးနှင့်ပတ်သက်ပြီး လိုအပ်ချက်များရှိပါက တင်ပြဆွေးနွေးသွားကြရန်ရှင်းလင်းပြော ကြားခဲ့ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းထွန်းကပြည်ထောင်စု အစိုးရနှင့်တိုင်းဒေသကြီး အစိုးရတို့မှကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရးအတွက် အကောင်အထည်ဖော်ဆောင်ပေးလျက်ရှိသော လုပ်ငန်းများအကြောင်းရှင်းလင်း ဆွေးနွေးခဲ့သည်။
ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ လက် ထောက်ညွှန်ကြားရေးမှူး ဒေါ်ထိုက်ထိုက်စိုး၊ ကျေးလက်လမ်းဦးစီးဌာနမှဦးစီးအရာရှိဒေါ်ခင်မာဝေ၊လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်းစာရင်း အင်းဦးစီး ဌာနမှဒု-ဦးစီးမှူးဦးသန့်ဇင်နှင့်သံရွာကျေးလက် ကျန်းမာရေးဌာနမှကျန်းမာရေး ဆရာမဒေါ်သီတာ ထွေးတို့က ၎င်းတို့ဌာနများမှကျေးလက်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးလျှက်ရှိသောလုပ်ငန်း များ အကြောင်းကို အသီးသီးရှင်းလင်းဆွေးခဲ့ကြရာ ပြည်သူဦးဆန်းတင်၊ ဦးစိန်အောင်နှင့်ဦးပြည့်တို့ကျေးရွာအတွက် လိုအပ်လျက်ရှိသည့် ကျေးရွာအဝင်လမ်းနှင့်ရွာတွင်းလမ်းများကျောက်ဆည်၊ တောင်ကြီးကားလမ်းနှင့် ကျေးရွာ လမ်းပေါ်ရှိကိုယ့်အားကိုယ်ကိုး ဆောက်လုပ်ထားသည့် ကွမ်းဆေးမြောင်းကူးတံတားအား ပြန်လည်ပြုပြင် ပေးနိုင် ရေး၊စာသင်ကျောင်းဆောင်တစ်ခုအသစ် တည်ဆောက်ပေးနိုင်ရေး၊ မြစိမ်းရောင်စီမံကိန်းရန်ပုံ ငွေချထားပေးနိုင် ရေး၊လူနေအိမ်ဝိုင်းများ အားဂရံဆောင်ရွက်ပေးနိုင်ရေးနှင့် ကုလ၊ကျားကာ၊ပေါက်ကုန်း၊ ပဲခင်း၊မုန်တိုင် ကျေးရွာချင်း ဆက်လမ်းပိုင်းအား အဆင့်မြှင့်တင်ပေးနိုင်ရေး စသည်တို့ကိုပြန်လည် တင်ပြဆွေးနွေး ခဲ့ကြရာ တိုင်းဒေသကြီးလွှတ် တော်ကိုယ်စာလှယ်နှင့် ဌာနတာဝန်ရှိသူများမှ လုပ်ငန်းများဖြည့်ဆည်းပေးနိုင် ရေးပြန် လည် ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရသည်။
သက်မောင် (ကျောက်ဆည်)