ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လက်မောင်းတံဆိပ် တပ်ဆင်ပေးအပ်ပွဲကျင်းပ

တန့်ယန်း  နိုဝင်ဘာ  ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနမှ အရန်မီးသတ် တပ်ဖွဲ့ဝင်များ အတွက် လက်မောင်းဘက်တံဆိပ် အသစ်တပ်ဆင် ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အရန်မီးသတ်တပ်ရင်းရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များအတွက် လက်မောင်းဘက်တံဆိပ် တပ်ဆင်ပေးအပ်ပွဲ၌ မြို့နယ် မီးသတ်ဦးစီးဌာနမှူး ဦးအောင်စိုးမိုးက အမှာစကားပြောကြားခဲ့ပြီး မြို့နယ် အရန်မီးသတ်တပ်ရင်း၏ နာယက ဦးသန်းဝင်း၊ မြို့နယ်အရန်မီးသတ် ဒုတိယတပ်ရင်းမှူး ခင်မောင်မြင့်တို့နှင့်အတူ မိုင်းပတ်၊ မန်ကတ်၊ ခိုယောင်း၊ မန်ပိန်း၊ နမ့်ဟူးလွယ်ကာ၊ မိုင်းကောင်၊ နောင်ဖါကျေးရွာအုပ်စုများနှင့် မြို့မရပ်ကွက်အသီးသီးရှိ အရန်မီးသတ် တပ်ဖွဲ့ဝင်(၅၀)ဦးအား လက်မောင်းဘက်တံဆိပ် အသစ်များအား တပ်ဆင်ပေးအပ်ခဲ့ကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)