လေးမျက်နှာမြို့နယ်တွင် အယူခံဝင်ခြင်း အသိပညာပေး (Talk Show) ပြုလုပ်

လေးမျက်နှာ ဖေဖော်ဝါရီ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) တွင် ယနေ့နံနက်ပိုင်းက အယူခံဝင်ခြင်း အသိပညာပေး (Talk Show) ပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေး (Talk Show) ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူ ရေးရာကာကွယ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ဆောင်ရွက်ခဲ့ရာ စာသုံးသူအခွင့်အရေးဆိုင်ရာ အယူခံဝင် ခြင်း အခန်း (၂၁)ပါ ပုဒ်မ ၅၂ အရ ဦးစီးမှူးရုံးက ချမှတ်သည့်အမိန့်ကို မကျေနပ်သူသည် သတ်ဆိုင်ရာကော်မတီသို့လည်းကောင်း၊ ပုဒ်မ ၅၃ အရ ကော်မတီကချမှတ်သည့် အမိန့်သို့ (မဟုတ်) ပုဒ်မ ၅၆၊ ပုဒ်မခွဲ (က) အရ ချမှတ်သည့်အမိန့်ကို မကျေနပ်သူသည် ကော်မရှင်သို့ လည်းကာင်း အမိန့်ချမှတ်သည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း အသီးသီးအယူခံဝင်ရာက်နိုင်မှုများ၊ ပုဒ်မ ၅၅ အရအယူခံမှုတွင် သက်ဆိုင်ရာဦးစီးမှူးရုံးက ချမှတ်ထားသာအမိန့်ကိုအတည်ပြုခြင်း၊ ပြင်ဆင်ခြင်း (သို့မဟုတ်) ပယ်ဖျက်ခြင်းပြုနိုင်ကြောင်းနှင့် ပုဒ်မ ၅၃ အရ ချမှတ်သောအမိန့်ကိုလည်းကာင်း ပုဒ်မခွဲ (က) အရ ချမှတ်သောဆုံးဖြတ်ချက်ကို လည်းကောင်းအတည်ပြုခြင်း၊ ပြင်ဆင်ခြင်း (သို့မဟုတ်) ပယ်ဖျက်ခြင်းပြုနိုင်ကြောင်း၊ ပုဒ်မခွဲ (ခ) အရ ကော်မရှင်၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် ဖြစ်သည်ဟူသော ဥပဒေနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးခဲ့ကြသည်။ လေးမျက်နှာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနအနေဖြင့် ပြည်သူများအသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ လူထုအခြေပြုဗဟိုဌာနတွင် အသိပညာပေး (Talk Show) များ၊ စာဖတ်ဝိုင်းများနှင့်အတူ Online မှတစ်ဆင့် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် စီစဉ်တင်ဆက်လျက်ရှိသည်။

မြို့နယ် (ပြန်/ဆက်)