မိုင်းဆတ် ဖေဖော်ဝါရီ ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့မွန်းလွဲ (၁)နာရီက စာရေးဆရာ ဒေါက်တာရဲ(ကလေးအထူးကုဆရာဝန်)ရေးသားသည့် “ခေါင်းဆောင်ကောင်းဖြစ်မည့် စိတ်နေသဘောထား” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဥက္ကဋ္ဌ ဦးပိုင်ထူးက “အောင်မြင်မူ ဆိုသည်မှာအဘယ်နည်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အဖွဲ့ဝင် ဒေါ်ဝင်းဝင်းဇင်က “လူတစ်ယောက်၏ စိတ်နေသဘောထားကို ဘာကပုံဖော်ပါသနည်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Youth Club)အဖွဲ့ဥက္ကဋ္ဌ ဦးချင်းတွင်းဇော်က “ကျရှုံးမှုဆိုသည်မှာ” ခေါင်းစဉ်ဖြင့်လည်းကောင်း အကျယ်တဝင့် ဆွေးနွေးခဲ့ကြရာ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာပေချစ်မြတ်နိုးသူများက အပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)