နွားထိုးကြီး ဖေဖော်ဝါရီ ၁၆
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့၌ ကျောင်းသားလူငယ်များအသိကညာ ဗဟုသုတတိုးပွားစေပြီး နိုင်ငံတော်မှ အားကိုးအားထားပြုရမည့် သားကောင်းရတနာများဖြစ်ထွန်လာစေရေး ရည်ရွယ်ချက်ဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက အခြေခံပညာမူလတန်းကျောင်း (မြို့ရှေ့)တွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးတင့်လွင်ဦးက ဆင်းရဲနွမ်းပါးမှု၊ မိသားစုဦးရေများပြားမှု၊ မသင်မနေရ ပညာရေးသို့ တက်ရောက်နိုင်ရန် အခွင့်အလမ်းနည်းပါးခြင်း၊ ရှေးရိုရာစွဲ ဓလေ့ထုံးစံများကို လက်ခံကျင့်သုံးနေမှု၊ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးမှု၊ အလုပ်သမားအခွင့်အရေးနှင့် ကလေးသူငယ်အရေးကို အလေးမထားသည့်အလုပ်ရှင်များရှိနေခြင်း၊ မကြာခဏရွှေ့ပြောင်းသွားလာနေထိုင်ရခြင်း၊ မိသားစု တွင် ကလေးအရွယ်များပြားမှုနှင့် မိမစုံဖမစုံဖြစ်မှုတို့ကြောင့်ဖြစ်ကြောင်းကို အသိပညာပေး ဟောပြောခဲ့သည်။
အခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင့်လွင်ဦးနှင့် ရုံးဝန်ထမ်းများ၊ မြို့ရှေ့အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဦးမင်းနိုင်နှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သန်းအောင်ဇော်