မန္တလေး ဖေဖော်ဝါရီ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် (၃၃)နှစ်မြောက် ဌာနနှစ်ပတ်လည် ထပ်ဆင့် ရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါ တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ကျင်းပရာ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဝေဝေဖြိုးနှင့် မန္တလေးခရိုင်တွင်းမှ အရာရှိ၊ အရာထမ်း၊ စာရေး၊ ဝန်ထမ်းများ တက်ရောက်ကြပြီး၊ တိုင်းဒေသကြီးအတွင်းရှိ ကျန်ခရိုင်၊ မြို့နယ်များမှ အရာရှိ၊ အရာထမ်း၊ စာရေး၊ ဝန်ထမ်းများမှာ online zoom meeting ဖြင့် တက်ရောက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဝေဝေဖြိုးက အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့ဌာန၏ ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဥ်များကို သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်ရုံးများမှ ဝန်ထမ်းများအချင်းချင်း မိသားစုစိတ်ဓာတ်ဖြင့် လုပ်ဆောင်ကြရန်၊ အခက်ခဲများရှိပါကလည်း တစ်ဦးနှင့်တစ်ဦး ကူညီဖေးမရန် လိုကြောင်း၊ နှစ်ပတ်လည်အခမ်းအနား၌ အတည် ပြုဆုံးဖြတ်ခဲ့ကြသည့် ညွှန်ကြားရေးမှူးချုပ်၏လမ်းညွှန်ချက် (၆)ချက်၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၏ အဓိကဆွေးနွေးဆုံးဖြတ်ချက် (၁၇) ချက်၊ အစည်းအဝေး ဆုံးဖြတ်ချက် (၂၁) ချက်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးအတွင်းမှယခု (၃၃)နှစ်မြောက် ဌာနနှစ်ပတ်လည် အခမ်းအနားတွင် ဆုများအသီးသီး ရရှိခဲ့မှုအပေါ် ထပ်ဆင့်ရှင်းလင်းပြောကြားခဲ့ပြီး၊ တိုင်းဒေသကြီးဦးစီးမှူးမှ သက်ဆိုင်ရာကဏ္ဍအလိုက် ဆုများကို ထပ်ဆင့်ချီးမြှင့်ပေးခဲ့သည်။ ထို့နောက် မန္တလေးခရိုင်မှ ဆုရရှိသူများက တက်ရောက်လာသူများကို ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းကျွေးမွေးခဲ့ကြောင်း သိရသည်။
ဇာနည်ကိုကို