မချမ်းဘောမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ဆောင်ရွက်

မချမ်းဘော ဖေဖော်ဝါရီ ၂

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊မချမ်းဘောမြို့တွင် ကျောင်းသားကျောင်းသူများ ကျောင်းပိတ်ရက် အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန် စာဖတ်ရှိန်မြှင့်တင်လာစေရန်နှင့် ပြန်လည်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းကို ယနေ့ညနေ ၃ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဖုန်ကူးခါ့မိုင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များနှင့်မိမိတို့ဖတ်မှတ်ထားသည့် စာအုပ်များအကြောင်းကို ပြန်လည် မျှဝေဆွေးနွေးကြရန်ပြောကြားပြီး  ပြည်သူ့စာကြည့်တိုက် စာဖတ်ပရိတ်သတ်ဖြစ်သူ မောင်တန်လွမ်းက တောင်ရိုးစာပေမှင့်ယဥ်ကျေးမှုကော်မတီမှ ရေးသားပြုစုထားသော တိရစ္ဆာန်ရုံသို့ အလည်ခရီးခေါင်းစဥ်ဖြင့်လည်းကောင်း၊ စာဖတ်ပရိတ်သတ် မောင်ငွားရဲ့ဇော်က စာရေးဆရာမှုန်ရွှေရီရေးသားထားသော သစ္စာရှိသောသူငယ်ချင်းခေါင်းစဥ်ပါ စာအုပ်ဖြင့်လည်းကောင်း၊ မောင်ဘော်စလီက စာရေးဆရာစိုးဇော် ရေးသားထားသော ပုရွတ်ဆိတ်နှင့်ကြက်တူရွေးခေါင်းစဥ်ဖြင့်လည်းကောင်း၊ မောင်နိုင်ဖြိုးလင်းက ညီညွတ်ခြင်းသည်အင်အား ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မအေးညိမ်းခိုင်က လေမီစာပေနှင့်ယဥ်ကျေးမှုကော်မတီကရေးသားပြုစုထား သောသူတစ်ပါးအပေါ် ကူညီတတ်သောမားမန် ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မဌေးဧကရီကျော်က နာဂစာပေနှင့် ယဥ်ကျေးမှုကော်မတီက ရေးသားပြုစုထားသော သူတို့သဘာခေါင်းစဥ်ဖြင့်လည်းကောင်း၊ မရွှေယုမော်က ဖားကလေးရဲ့စိတ်ကူးခေါင်းစဥ်ဖြင့်လည်းကောင်း ဖတ်ရှုမှတ်သားထားမှုများကို အသီးသီးဆွေးနွေးကြပြီး ဒုတိယဦးစီးမှူးက ဆွေးနွေးသွားကြသည့် စာအုပ်များအလိုက် မိမိတို့မှတ်သားနာယူကြရမည့်အချက်များ လိုက်လံဆောင်ရွက်ကြရမည့်အချက်များနှင့် သတိပြုဆင်ခြင်ဖွယ်ရာများကိုထုတ်နှုတ်ပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

မချမ်ဘောမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်များဘက်စုံဖွံ့ ဖြိုးတိုးတက်ရေးပြပွဲ ပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ၊ သင်တန်းများ၊ ဟောပြောပွဲများကို အစဥ်သဖြင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ယောရွှေနီ (မချမ်းဘော)