မြန်အောင်ပြည်သူ့ဆေးရုံတွင် Township Health Working Group Meeting ကျင်းပ

မြန်အောင် ဖေဖေါ်ဝါရီ ၂၅

မြန်အောင်မြို့နယ် ကျန်းမာရေးအထောက်အကူပြု အဖွဲ့အစည်းအဝေး ( Township Health Working Group Meeting)ကို ယနေ့ နံနက်က မြို့နယ်ပြည်သူ့ဆေးရုံ (၃)ထပ် အဆောင်သစ်တွင် ကျင်းပပြု လုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချိုချို၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူးဆေးရုံအုပ်ကြီး ‌ဒေါက်တာအောင်ဝင်းနှင့် မြန်အောင် ပြည်သူ့ဆေးရုံ အထောက်အကူပြု အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျန်းမာရေးဝန်ထမ်းများ၊ Essential Health Project မြို့နယ်ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

မြန်အောင်မြို့နယ် ကျန်းမာရေးအထောက်အကူပြု အဖွဲ့အစည်းအဝေးတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဝင်းက ကိုရိုနာဗိုင်းရပ်စ် (COVID-19)ရောဂါ ကူးစက်ခံရမှု မရှိ‌စေရေးနှင့် ကိုယ်ဝန်ဆောင်မိခင်သေဆုံးမှု လျှော့ချရေး ဆောင်ရွက်ချက်များ၊ (၃)ထပ်အဆောင်‌ ဆေးရုံအဆောက်အဦ သစ် ဖွင့်လှစ်နိုင်ရေး လုပ်ငန်းများကို တင်ပြဆွေးနွေးသည်။ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချိုချိုက ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ထမ်းများ၏ စောင့်ရှောက်မှုရယူရန်၊ ဝန်ကြီးချုပ် လှူဒါန်းထားသော ကျန်းမာရေးအထောက်အကူပြု ရန်ပုံငွေစနစ် တကျ ထိန်းသိမ်းသုံးစွဲရေးတို့ကိုမှာကြားသည်။

ဆွေးနွေးပွဲတွင် မြန်အောင်မြို့ ပြည်သူ့ဆေးရုံတွင် ဆေးရုံအထောက်အကူပြုအဖွဲ့မှ ဆေးရုံတက် လူနာနှင့် လူနာရှင်များတွေ့ဆုံ၍ လူနာများတင်ပြသောအခက် အခဲများကို ဆောင်ရွက် ပေးခြင်း၊ ညှိနှိုင်းပေါင်းစပ် ပေးခြင်း၊ အကြံပြုချက်များရယူခြင်း တို့ဆောင်ရွက်၍ လူနာများ ၏အခက်အခဲများကို ဖြေရှင်းပေးလျက်ရှိကြောင်း ဆေးရုံအထောက်အကူပြုအဖွဲ့မှ ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြသည်။ အစည်းအဝေးတွင် ဆေးရုံ(၃) ထပ်ဆောင် မျက်နှာစာရှိ ဆေးရုံအဟောင်း အဆောက်အဦ ဖျက်သိမ်းခွင့်အား တရားဝင်တင်ပြ၍ ခွင့်ပြုချက် တောင်းခံဆောင်ရွက်ရန်တို့ကို ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ Essential Health Project မြို့နယ်မန်နေဂျာ ဦးထက်ဝေလင်းက မြန်အောင်မြို့နယ် အတွင်း ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများနှင့်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေ အနေကို ရှင်းလင်းပြောကြားပြီး Essential Health Project မှဆောင်ရွက်လျက်ရှိသော Water for Women Project ၏ (အမျိုးသမီးများအတွက် ပိုမိုစိတ်ချလုံခြုံသော ကလေးမွေးဖွားခြင်း) လုပ်ငန်း အကြောင်းရှင်း လင်း ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်း TB/HIV လူနာများ ဆေးဝါးကု သမှုနှင့်ရောဂါကာ ကွယ်ရေးလုပ်ငန်းများအကြောင်းရှင်းလင်း ဆွေးနွေး ခဲ့ကြ‌ကြောင်းသတင်းရရှိသည်။

ဝင်းဗိုလ် မြန်အောင်