ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် မြို့နယ်ကြက်ခြေနီအသင်း၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ၂ဝ၂၄ ခုနှစ်အတွက် လုပ်ငန်းစဉ်များရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ပြင်ဦးလွင် ဖေဖော်ဝါရီ ၂၅

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် မြို့နယ်ကြက်ခြေနီအသင်း၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ၂ဝ၂၄ ခုနှစ်အတွက် လုပ်ငန်းစဉ်များရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပခဲ့သည်။

အစည်းအဝေးတွင် ပြင်ဦးလွင်မြို့နယ် ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးအောင်သင်းက ဖေဖော်ဝါရီလ ၂၁ ရက်နေ့နှင့် ၂၂ ရက်နေ့များတွင် မန္တလေးတိုင်းဒေသကြီးတွင် ကျင်းပခဲ့သော တိုင်း၊ ခရိုင်၊ မြို့နယ်ကြက်ခြေနီအသင်းခွဲများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ၂ဝ၂၄ ခုနှစ်အတွက် လုပ်ငန်းစဉ်များရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲတက်ရောက်ခြင်းမှရရှိသော လုပ်ငန်းလမ်းညွှန်ချက်များနှင့် အတွေ့အကြုံများအား ပြင်ဦးလွင်မြို့နယ် ကြက်ခြေနီအသင်းမှ နည်းပြများနှင့် တပ်ဖွဲ့ဝင်များအား ထပ်ဆင့်ချပြ ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်ကြက်ခြေနီအသင်းမှ တပ်ဖွဲ့မှူး ဒေါ်အေးအေးဖြိုးက ၂၀၂၄ ခုနှစ်တွင် ဦးစားပေးလုပ်ဆောင်မည့် လုပ်ငန်းစဉ်များ၊ လိုအပ်သည့် training များနှင့် အခြားလိုအပ်ချက်များကို ဖော်ထုတ်ပြီး အကောင်အထည်ဖော်နိုင်မည့် လုပ်ငန်းစဉ်များ၊ တာဝန်ခွဲဝေအကောင်အထည်ဖော်နိုင်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြီး နည်းပြများနှင့် တပ်ဖွဲ့ဝင်များက ပြန်လည်ဆွေးနွေးတင်ပြသည်။

ထို့နောက် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရေးဆွဲပြီး အတည်ပြုချက်ရယူကာ အစည်းအဝေးကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြသည်။ အဆိုပါ အစည်းအဝေးသို့ ပြင်ဦးလွင်မြို့နယ် ကြက်ခြေနီအသင်းဥက္ကဋ္ဌနှင့် မြို့နယ်တပ်ဖွဲ့မှူး၊ နည်းပြများနှင့် တပ်ဖွဲ့ဝင် လူငယ်ခေါင်းဆောင်များ စုစုပေါင်း (၂၅)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ဖြူလူသစ် (ခရိုင်၊ ပြန်/ဆက်)