ကော့သောင်းမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ (Grade -5)အတန်းနှစ်ဆုံးအစိုးရစစ်စာမေးပွဲ ဖြေဆိုပြီးစီး

ကော့သောင်း ဖေဖော်ဝါရီ  ၂၈

တနင်္သာရီတိုင်းဒေသကြီး၊‌ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် အ‌ခြေခံပညာကျောင်းများ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (Grade -5) (Grade-9) အစိုးရစစ်စာမေးပွဲကြီးများ ဖြေဆိုလျက်ရှိရာ ယနေ့ (Grade-5) ကျောင်းသား/သူများ နှစ်ဆုံးစာမေးပွဲ အောင်မြင်စွာ ဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။

နှစ်ဆုံးအစိုးရစစ်စာမေးပွဲကို ဖေဖော်ဝါရီ (၂၂) ရက်နေ့မှ စတင်၍ ကျင်းပခဲ့ရာ (Grade -5) ကျောင်းသား/သူလေးများက ယနေ့တွင် နောက်ဆုံးဘာသာဖြစ်သော လူမှုရေးဘာသာရပ်ကို ဖြေဆိုပြီးစီးခဲ့ပြီဖြစ်ပြီး (Grade-9) ကျောင်းသား/သူများက ယနေ့တွင် သမိုင်းဘာသာရပ်အား ဖြေဆိုခဲ့ပြီး ဖေဖော်ဝါရီ (၂၈) ရက်‌နေ့တွင် နောက်ဆုံးဘာသာရပ်ဖြစ်သော သိပ္ပံဘာသာရပ်ကို‌‌ ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ နှစ်ဆုံးအစိုးရ စစ်စာမေးပွဲ‌အား အေးချမ်းအောင်မြင်စွာ‌ ဖြေဆိုနိုင်ရေးအတွက် ပညာ‌ရေးဌာနမှ တာဝန်ရှိသူများ ဆရာ/ဆရာမများနှင့်‌ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များက ပူးပေါင်းကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)