ပုသိမ်ကြီးမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေ

ပုသိမ်ကြီး ဖေဖော်ဝါရီ ၂၈

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်း လူစည်ကားရာ နေရာများနှင့် ကျေးရွာတချို့၌ သွားရောက်၍ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် အမျိုးသားရေးတာဝန်၊ စိုးရိမ်ရန်မလို၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်၊ စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ၊ ပြည်သူ့စစ်မှုထမ်းရန် ကာလ၊ ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့် စပ်လျဉ်း၍ စုံစမ်းနိုင်မည့် အဆက်အသွယ်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ စသည့်အချက်များ ပါဝင်သည်။

အဆိုပါ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇင်မင်းထွန်း ဦးဆောင်၍ ဆင်ရွာကြီးကျေးရွာအုပ်စု၊ ကန်သာကျေးရွာသို့ သွားရောက်၍ လက်ကမ်းစာစောင်များ ဖြန့်ဝေလျက်ရှိကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်