ထန်တလန်၌ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေးကျင်းပ

ထန်တလန်   နိုဝင်ဘာ    ၄

ထန်တလန်မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီများနှင့်နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ စေ့စပ်ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနံက် ၉ နာရီအချိန်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးအစည်း အဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးထလာမန်းက မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူး ဦးခင်အောင်လိန်းမှ မဲဆွယ်စည်းရုံးရေး ဆောင်ရွက်ရာတွင် ဆွေးနွေးတင်ပြရန်ရှိပါက ဆွေးနွေး တင်ပြကြရန်ပြောကြားခဲ့ပါသည်။

ထို့နောက် မြို့နယ်ဥပဒေအရာရှိဦးနေဝင်းလွင်က မဲဆွယ်စည်းရုံးရာတွင် လိုက်နာရမည့် ညွှန်ကြားချက်များကို ရှင်းလင်းပြီး နိုင်ငံရေးပါတီများမှ ဆွေးနွေးတင်ပြကြရာ ဆွေးနွေးတင်ပြချက်များအပေါ် တာဝန်ရှိသူများက ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)