လွယ်ဂျယ်မြို့၌ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်

လွယ်ဂျယ်      နိုဝင်ဘာ     ၄

ကချင်ပြည်နယ် ဗန်းမော်ခရိုင် လွယ်ဂျယ်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့အုပ်ချုပ်ရေးမှူး ဦးယဉ်မင်းထွန်းက မဲရုံများပြင်ဆင်ထားရှိမှု၊ မဲပေးရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ မဲပေးနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေ၊ မဲပေးသည့်နေ့တွင် လုံခြုံရေးအစီအမံများ ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများအားလုံး မဲပေးနိုင်ရေးတို့ကို အသေးစိတ်ဆွေးနွေးရာ တက်ရောက်လာ သူများ၏ တင်ပြချက်များနှင့်ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အစည်းအဝေးသို့ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ နှင့်စာရေး ဝန်ထမ်းများ၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ တက်ရောက်ကြသည်။ လွယ်ဂျယ်မြို့အနေဖြင့် မဲရုံ(၈)ရုံလျာထား ဆောင်ရွက်ထားရှိပြီး ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူဦးရေ(၆၀၉၇)ဦးရှိကြောင်း သိရသည်။

ထွန်းထွန်းနိုင် (ပြန်/ဆက်)