ကြာရှည်ခံဆေးဝါးများ စားသောက်ကုန်များတွင်အသုံးပြုမှု ရှိ/မရှိနှင့် သက်တမ်းလွန် စားသောက်ကုန်များ စျေးကွက်အတွင်း ရောင်းချမှု ရှိ၊မရှိ ကွင်းဆင်း စစ်ဆေး အသိပညာပေး

ဟားခါး      နိုဝင်ဘာ   ၄

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကာလအတွင်း ချင်းပြည်နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ဦးစီးဌာနမှ ဝန်ထမ်းများသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ နှာခေါင်းစည်း Maskများ၊ လက်အိတ်များကို စနစ်တကျတပ်ဆင်၍ နိုဝင်ဘာ ၃ ရက်နေ့က ဟားခါးမြို့ပေါ် ရပ်ကွက်များရှိ အစားအသောက် ပစ္စည်း အရောင်းဆိုင်များသို့ ရောက်ရှိပြီး စျေးကွက်အတွင်း ကျန်းမာရေးကိုထိခိုက်စေနိုင်သည့် ဓာတုကြာရှည်ခံဆေးဝါးများ စားသောက်ကုန်များတွင်အသုံးပြုမှု ရှိ/မရှိ၊ မြန်မာနိုင်ငံတွင် မှတ်ပုံတင်မထားသည့် အစားအသောက်ပစ္စည်းများ၊ ဌာနမှ ထုတ်ပြန်ထားသည့် သုံးစွဲရန်မသင့် အစားအသောက် ပစ္စည်းများနှင့် သက်တမ်းလွန် အစားအသောက်ပစ္စည်း ရောင်းချမှု မရှိစေရေး ကွင်းဆင်းစစ်ဆေးပြီး အသိပညာပေးခဲ့ကြကြောင်း သိရှိရသည်။

ဆက်လက်၍ ချင်းပြည်နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဉီးစီးဌာန အနေဖြင့် သက်မှတ်စံနှင့် ကိုက်ညီမှုမရှိသည့် ဆေးဝါးများ၊ အလှကုန်ပစ္စည်းများနှင့် အစားအသောက်များကို တစ်လလျှင် နှစ်ကြိမ်နှုန်းဖြင့် ကွင်းဆင်းစစ်ဆေး သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)