ဆွမ်ပရာဘွမ် နိုဝင်ဘာ ၄
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ဆွမ်ပရာဘွမ်မြို့နယ်တွင် ပြည်တွင်းရှိသက်ဆိုင်ရာမဲဆန္ဒနယ် ပြင်ပရောက် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ၏ ကြိုတင်ဆန္ဒမဲများအား အများရှေ့မှောက်တွင ်ချိတ်ပိတ်ခြင်းကို ယမန်နေ့ ညနေ(၄)နာရီအချိန်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါချိတ်ပိတ်ခြင်းကို နိုင်ငံရေးပါတီကိုယ်စားလှယ်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ တာ၀န်ရှိသူများက အများရှေ့မှောက်တွင် မဲပုံးကိုစစ်ဆေးခြင်း၊ ချိတ်ပိတ်ခြင်းနှင့် ရောက်ရှိလာသည့် ပုံစံ(၁၅)ဖြင့် တောင်းဆိုထားသော ပြည်တွင်းရှိ သက်ဆိုင်ရာ မဲဆန္ဒနယ်ပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ ကြိုတင်ဆန္ဒ မဲများအား မဲပုံးအတွင်းသို့ ထည့်၍ ချိတ်ပိတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ဆွမ်ပရာဘွမ်မြို့နယ်အနေဖြင့် ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက် ပုံစံ(၁၅)ဖြင့် တောင်းဆိုထားသော ပြည်တွင်းရှိ သက်ဆိုင်ရာမဲဆန္ဒနယ်ပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၂၃)ဦးဖြစ်ပြီး (၂၂) ဦးသာ ကြိုတင်ဆန္ဒမဲ ပေးကြောင်း၊ ၎င်းကို ပုံစံ(၁-၁)ဖြင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် သိမ်းဆည်းထားကြောင်း၊ ပြည်တွင်းရှိ သက်ဆိုင်ရာ မဲဆန္ဒနယ်ပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများသည် အောက်တို ဘာလ(၂၅)ရက်နေ့ နောက်ဆုံးထား၍ ပေးထားသည့် ဆန္ဒမဲလက်မှတ် များဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဦးစီးအရာရှိဦးအောင်နိုင်ဦး ကပြောကြားခဲ့သည်။
ကုဋေ(ပြန်/ဆက်)