ညောင်ရွှေ မတ် ၅
အခြေခံပညာ ကျောင်းသား၊ ကျောင်းသူလေးများ နွေရာသီ ကျောင်းအားရက်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အင်္ဂလိပ်ဘာသာစကားကို ရင်းနှီးကျွမ်းဝင်မှုရှိလာစေရန်နှင့် အင်္ဂလိပ်စာ အရည်အသွေး တိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်သည့် နွေရာသီ အင်္ဂလိပ်စာသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် (၉) နာရီခွဲက ရှမ်းပြည်နယ် ညောင်ရွေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ညောင်ရွှေမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမင်းက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနေမျိုးသူရိန်က သင်တန်းဖွင့်လှစ်ရခြင်း အကြောင်းအရင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ နွေရာသီ အင်္ဂလိပ်စာသင်တန်းအား ဆရာဦးလွင်ကိုကိုမှ နေ့စဉ်သင်ကြား ပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ မတ်လ (၄) ရက်နေ့မှ မေလ (၂၄) ရက်နေ့အထိ ဖြစ်ကြောင်းနှင့် တက်ရောက်သည့် သင်တန်းသား (၆၂) ဦးရှိကြောင်း ၎င်းသင်တန်းအား အခမဲ့ဖွင့်လှစ်သင်ကြားပို့ချ ပေးခြင်းဖြစ်ကြောင်း သိရသည်။
စိုင်းအယ်ဘဲ