ချီဖွေ နိုဝင်ဘာလ ၄
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်အတွင်း ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်ဖြင့် စိုက်ပျိုးထားသော မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း ရွှေရင်အေး စပါးအား စိုက်ပျိုးရေးဦးစီးဌာနနှင့် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများက ယမန်နေ့ မွန်းလွဲ(၃)နာရီအချိန်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စီးပွားရေးကုစားမှု (CERP) အစီအစဉ်ဖြင့် စိုက်ပျိုးထားသော မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်း ရွှေရင်အေး စပါးအား မြို့ပေါ်ရစ်လောခေါင် ရပ်ကွက်ရှိတောင်သူ ဦးခါင်ဇယ်၏ လယ်မြေတွင် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းနိုင်ဦး၊ မြို့နယ်လယ်စီ/ စာရင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်နိုင်ဝင်းနှင့် ဝန်ထမ်းများ ပူးပေါင်း စံကွက်ရိတ်သိမ်းခဲ့ရာ စံပြကွက်အထွက် တစ်ဧက အစိုတင်း (၁၁၄.၅၇) တင်း ထွက်ရှိကြောင်း သိရှိရသည်။
နန်းမြင့်(ပြန်/ဆက်)