ချီဖွေ နိုဝင်ဘာလ ၄
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် ၂၀၂၀ပြည်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြစ်စွာ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က မြို့နယ်အထွေထွအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူးဦးညွန့်ဆွေက အဖွင့်အမှာစကားပြောကြားရာတွင် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျရောက်မည့် အထွေထွေရွေးကောက်ပွဲနေ့တွင် ဌာနဆိုင်ရာ တာဝန်ရှိသူများ အနေ ဖြင့် မိမိတာဝန်ကျရာ မဲရုံများအလိုက် ကြီးကြပ်ဆောင်ရွက်ရန်နှင့် ထူးခြားဖြစ်စဉ် များရှိပါက အချိန်နှင့် တစ်ပြေးညီး တင်ပြရန်နှင့် ချီဖွေမြို့မရဲတပ်ဖွဲ့မှူး ယာယီရဲမှူး တင်နိုင်အေးက မိမိတာဝန်ကျရာ ရပ်ကွက်/ကျေးရွာများ ဆက်သွယ်ရမည့် ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်မှု မရှိစေရေးနှင့် အထိုင်စက်ထားရှိရာ နေရာများ၊ ဆက်သွယ်ရရှိနိုင်သည့်နေရာများ ချပြဆွေးနွေးခဲ့ကြသည်။
အဆိုပါ အစည်းအဝေသို့ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်များ၊ မဲရုံအလိုက် ကြီးကြပ်ရန် တာဝန် ပေးအပ်ထားသည့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ကာ လိုအပ်သည်များ ညှိုနှိုင်းဆွေးနွေး ခဲ့ကြောင်း သိရသည်။
နန်းမြင့်(ပြန်/ဆက်)