တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်တွင် ၂၀၂၄ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြား

ကော့သောင်း မတ် ၅

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ကြီးမှူးဖွင့်လှစ်သည့် ၂၀၂၄ ခုနှစ် နွေရာသီအားကစားသင်တန်းများကို မတ်လ၂ရက်နေ့မှ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိရာ အားကစားစိတ်ပါဝင်စားလူငယ်များ တက်ရေက်သင်ကြားလျက်ရှိကြောင်း သိရသည်။

ထို့သို့ သင်ကြားပေးရာတွင် ဖူဆယ်၊ ဘောလီဘော၊ အေရိုးပစ်၊ လက်ဝှေ့၊ မြန်မာ့သိုင်းအားကစားနည်းကို နဝရတ်အားကစားခန်းမတွင်လည်းကောင်း၊ ပြေးခုန်ပစ်၊ ဘောလုံး၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်၊ ရိုးရာခြင်းအားကစားနည်းများအား အေးရိပ်ငြိမ်ရက်ကွက်ရှိ ရန်ကြီးအောင်ဘောလုံးကွင်းတွင်လည်းကောင်း၊ ပိုက်ကျော်ခြင်းအားကစားနည်းကို ကျောက်တိုင်အားကစားကွင်းတွင်လည်းကောင်း အဆိုပါအားကစားနည်း(၁၂)မျိုးအား မတ်လ(၂)ရက်နေ့မှ(၂၉) ရက်နေ့ ထိ ဖွင့်လှစ်သင်ကြာပေးမည်ဖြစ်ကြောင်း သိရသည်။

ကော့သောင်းမြို့နယ်၌ မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ်ပေါ်ထွန်းလာစေရန်၊ မြို့နယ်/ခရိုင်/တိုင်းဒေသကြီး ကိုယ်စားပြုအားကစားများမှတစ်ဆင့် နိုင်ငံလက်ရွေးစင်အားကစားသမားများ ဖြစ်လာနိုင်စေရန်နှင့် နိုင်ငံတော်၏အားကစားကဏ္ဍမြှင့်တင်ခြင်းလုပ်ငန်းများ တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန်ရည်ရွယ်၍ နွေရာသီအားကစားသင်တန်းများဖွင့်လှစ်ခြင်းဖြစ်ပြီး နေ့စဉ်သတ်မှတ်ထားသောအချိန်များတွင် သက်ဆိုင်ရာအားကစားနည်းပြများက အားကစားအမျိုးအစားအလိုက် စနစ်တကျသင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)