မအူပင် ဖေဖော်ဝါရီ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်အတွင်း၌ ယခုနှစ်မတ်လတွင် ကျင်းပမည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၆၀၇၇)ဦး ဝင်ရောက် ဖြေဆိုရန် လျှောက်ထားခဲ့ကြပြီး စာမေးပွဲကို မြို့ပေါ်စာစစ်ဌာန(၅)ခု၊ ကျေးရွာ စာစစ်ဌာန(၁၁)ခုဖြင့် စာစစ်ဌာန(၁၆)ခုတွင် ကျင်းပမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ စာမေးပွဲဖြေဆိုမှုအတွက် စာစစ်ဌာန(၁၆)ခုဖြစ်သော မအူပင်အ.ထ.က(၁)တွင် (၁၁၈၀)ဦး၊ မအူပင်အ.ထ.က(၂)တွင် (၆၀၀)ဦး၊ မအူပင် အ.ထ.က(၃)တွင် (၄၄၀)ဦး၊ မအူပင် အ.ထ.က(ခွဲ) အ.လ.က-(၁)တွင် (၃၂၇)ဦး၊ မအူပင်အ.ထ.က(၄)တွင် (၃၂၀)ဦး၊ အ.ထ.က လေးအိမ်စုတွင် (၄၁၁)ဦး၊ အ.ထ.က ရေလဲကလေးတွင် (၄၇၀)ဦး၊ အ.ထ.ကရွှေတောင်မှော်တွင် (၃၁၇)ဦး၊ အ.ထ.ကကျုံနတ္တော်တွင် (၂၀၁)ဦး၊ အ.ထ.ကကျောင်းရွာတွင် (၆၃၄)ဦး၊ အ.ထ.က ခုနှစ်အိမ်တန်းတွင် (၁၉၃)ဦး၊ အ.ထ.ကမလတ်တိုတွင် (၂၆၂)ဦး၊ အ.ထ.ကလယ်ကိုင်းတွင် (၁၄၅) ဦး၊ အ.ထ.ကလက်ပံကုန်းတွင် (၂၆၁)ဦး၊ အ.ထ.က ထနီးတွင် (၁၂၄)ဦး၊ အ.ထ.ကကျွဲဒုံးတွင် (၁၉၂)ဦး၊ စုစုပေါင်းကျောင်းသား၊ ကျောင်းသူ (၆၀၇၇)ဦးတို့ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေး အတွက်စီစဉ်ဆောင်ရွက်ထားရှိကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်သင်းသင်းမြိုင်ထံမှသိရသည်။
အောင်ခိုင်၊ အောင်မြင့်မြတ်(မအူပင်)