လဲချားမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်ဝိုင်း ဆောင်ရွက်

လဲချား မတ် ၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က စာရေးဆရာ ဒေါက်တာခင်မောင်ညို၏ “လူငယ်နှင့်အကောင်းဆုံးဘဝကိုတည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စာဖတ်ဝိုင်းတွင် ဦးစီးအရာရှိ ဒေါ်ခင်ချိုထွေးက စာဖတ်ဝိုင်းများပြုလုပ်ခြင်းဖြင့် စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရန်၊ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ စာဖတ်ဝိုင်းဆောင်ရွက်ခြင်းဖြင့် ပြောဆိုဆွေးနွေးနိုင်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် ရည်ရွယ်၍ စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် စာပေချစ်မြတ်နိုးသူများ (Book Club)အသင်းမှ ဒေါ်သန်းသန်းမြက "လူငယ်နှင့်အမှား" ခေါင်းစဉ်အားလည်းကောင်း၊ ဒေါ်မိုးချယ်ရီက"အောင်မြင်ဖို့တည်ဆောက်ခြင်းနှင့် အမြင်များ"ခေါင်းစဉ်အားလည်းကောင်း၊ ဒေါ်နွေးသိမ့်သိမ့်ကျော်က "ဥာဏ်ရည်ဥာဏ်သွေးအတွေးအခေါ်" ခေါင်းစဥ်အားလည်းကောင်း၊ ဒေါ်နန်းမိုခမ်းက"ယုံကြည်သစိတ်ချမှုနှင့်ဘဝအမြင်"ခေါင်းစဉ်အားလည်းကောင်း စသည့်ခေါင်းစဉ်ပါကြောင်းအရာများကို အသီးသီးဆွေးနွေးပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာသူများမှ ဆွေးနွေးချက်များအပေါ် ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 လဲချား(မြို့နယ်ပြန်/ဆက်)