စာပေချစ်သူများ(Book Club)စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

ဘုတ်ပြင်း   အောက်တိုဘာ  ၂၅

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book  Club)နှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ စာဖတ်သူ အချင်းချင်း ရင်းနှီးမှုရရှိစေရန်နှင့် အသိပညာ ဗဟုသုတ မြင့်မားပြီးစာဖတ်သည့်  အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်ချက်ဖြင့် စာရေးဆရာမ ဒေါက်တာမတင်ဝင်း၏ “အလုပ်ဆိုတာအင်အားပါ’’ စာအုပ်ဖြင့် ယနေ့နံနက်က ဘုတ်ပြင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre  ခန်းမ၌ စာဖတ်ဝိုင်းပြု လုပ်သည်။

စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club) အဖွဲ့ဥက္ကဋ္ဌ ဦးတက်ဝင်းက စာဖတ်ဝိုင်း ပြုလုပ်မည့် အစီအစဉ်နှင့် စာရေးသူ၏ ရည်ရွယ်ရေးသားထားမှုများနှင့် စာဖတ် ဝိုင်းမှရရှိမည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် (Book Club)အဖွဲ့အတွင်းရေးမှူး ဦးတင်ဦး(ပြန်/ဆက်-ငြိမ်း)က အလုပ်ရဲ့တန်ဖိုးမှာ တော်ရုံတတ်ရုံ မလုံလောက်ပါဘူး၊ အလုပ်လုပ်တဲ့ နေရာမှာ ခြင်္သေ့စိတ်ထားပါ စာအုပ်ပါ အကြာင်းအရာများကို လည်းကောင်း (Book Club)အဖွဲ့ ဦးမြင့်ဝေ(ပညာရေး-ငြိမ်း)က အလုပ်ဆိုတာ လူ့စိတ်ကို ရင့်ကျက်စေနိုင်ပါတယ်၊ အလုပ်ခွင့်မှာ တိုးတက် စေချင်ရင် ချွေတာသင့်တာကို ချွေတာရပါမယ် စာအုပ်ပါ အကြာင်းအရာများကို လည်းကောင်း ဦးမြင့်ဆွေ (ရုပ်/သံ-ငြိမ်း)က အလုပ်လုပ်တဲ့နေရာမှာ တန်အောင်ယူပါ၊ တန်အောင်လုပ်ပါ၊ ဆုမတောင်းရဘဲ့ ကံကောင်း တဲ့လူသားဖြစ်ချင်ရင် စေတနာကောင်းထားပြီး အလုပ်လုပ်ပါ စာအုပ်ပါအကြာင်း အရာများကို ဆွေးနွေးကြပြီး စာပေဝါသနာရှင်များနှင့်(Book Club)အဖွဲ့ဝင်များက အလုပ်ဆိုတာ အင်အားပါ စာအုပ်ပါအကြောင်းအရာများနှင့်ပတ်သက်၍ အမြင်များရှုထောင့် အမျိုးမျိုး တို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)